MWP Loading...
Agreement

လုပ်ငန်းအပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ

စရံငွေ ပေးချေခြင်း နှင့် ဒီဇိုင်း ရေးဆွဲခြင်း

ဝက်ဘ်ဆိုက် စတင် ရေးဆွဲရန် သဘောတူညီချက် ရသည့် အခါ ရေးဆွဲမည့် ဝက်ဘ်ဆိုက် အမျိုးအစား အလိုက် တစ်ပတ် အတွင်း ဝက်ဘ်ဆိုက် ဒီဇိုင်းကို ပြသမည် ဖြစ်ပြီး အလုပ်အပ်သူ ဘက်မှ ဒီဇိုင်းကို စိတ်ကြိုက် ပြင်ဆင် ခြင်း ပြောင်းလဲခြင်းများ ပြုလုပ်နိုင်ပါသည် ။

ဝက်ဘ်ဆိုက် ဒီဇိုင်း နှင့် ပတ်သက်၍ စိတ်တိုင်းကျပါက စရံငွေ ၅ဝ% ကို ပေးချေရမှာ ဖြစ်ပါတယ်။

ထို့နောက် ဝက်ဘ်ဆိုက် ရေးဆွဲခြင်း အဆင့် ကို ပြုလုပ်မည် ဖြစ်ပြီး ဝက်ဘ်ဆိုက် ဒီဇိုင်း ကို အသေးစား ပြင်ဆင်ခွင့် သာ ပြုလုပ်ပေးမည် ဖြစ်ပါသည် ။
(အကြီးစား ပြင်ဆင်မည် ဆိုပါက Package အမျိုးအစားအလိုက် ကျသင့်ငွေ ၏ ၅ဝ% ကို ဒီဇိုင်းပြင်ဆင်ကြေး အဖြစ် ထပ်မံ ပေးချေရမည် ဖြစ်ပါသည်။)

ကြာမြင့်ချိန် နှင့် ငွေ အကျေပေးချေခြင်း

ဝက်ဘ်ဆိုက် ရေးဆွဲသည့် ကာလမှာ အလုပ်အပ်သူဘက် မှ ဒေတာ (စာသား ၊ ဓါတ်ပုံ နှင့် အခြား ဖိုင်များ) ပေးသည့် ဒေတာ အနည်းအများ ပေါ်မူတည် ပြီး တစ်ပတ် မှ တစ်လ အထိ ကြာမြင့် နိုင်ပါသည် ။

၀က်ဘ်ဆိုက် ၏ ပြီးစီးမှု ၈၀ ရာခိုင်နှုန်း ပြီးစီးလျှင် ဖြစ်စေ ၊ ဝက်ဘ်ဆိုက် ရေးဆွဲကာလ တစ်လ ကျော်လျှင်ဖြစ်စေ ကျန်ငွေ ၅၀ ရာခိုင်နှုန်း ကို ပေးချေရပါမည်။

ဒေတာများ (ဓါတ်ပုံ၊ စာသား ၊ သတင်းအချက်အလက်များ)

ဝက်ဘ်ဆိုက် ဒေတာများ နှင့် ပတ်သက်၍ ဒေတာ (စာသား ၊ ဓါတ်ပုံ နှင့် အခြား ဖိုင်များ) ကို အလုပ်အပ်သူ ဘက်မှ ဝက်ဘ်ဆိုက် ဒီဇိုင်း ရေးဆွဲ နေစဉ် ကာလ တစ်ပတ် အတွင်း ဖြစ်စေ အလုပ်မအပ်မီ စရံငွေ မပေးချေ ရသေးခင် ကာလ ၌ ဖြစ်စေ ၊ ဝက်ဘ်ဆိုက် ရေးဆွဲ နေစဉ် ကာလ အတွင်း ၌ ဖြစ်စေ ပေးနိုင်ပါသည် ။

ဝက်ဘ်ဆိုက် ရေးဆွဲ ပြီး သည့် ကာလ နောက်ပိုင်း ဒေတာများ ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းများ အတွက် အပိုကြေး အခကြေးငွေ လုံးဝ မယူပါ ။ သို့သော် ဒေတာများကို အလုပ်အပ်သူ မှ အီးမေလ်း မှ ဖြစ်စေ ၊ လူကိုယ်တိုင် ဖြစ်စေ ပေးပို့ သည့် ဒေတာများ အတွက် သာ အကြုံးဝင် ပါသည် ။ ဒေတာများကို လာရောက်ယူမည် မဟုတ်ပါ။

ဒေတာများ ပေးရာတွင် စာသား များ ဓါတ်ပုံများ ကို Soft Copy ဖြင့်သာ ပေးရမည် ဖြစ်ပါသည်။

ဝက်ဘ်ဆိုက် အတွက် လိုအပ်သော ဒေတာများ ၊ ဓါတ်ပုံများ ၊ ဖိုင်များကို အလုပ်အပ်သူ ဘက်မှ ပေးရမည် ဖြစ်ပြီး ဒေတာများ နှင့် ပတ်သက်၍ ပြဿနာ တစုံတရာ ဖြစ်ပွားပါ က အလုပ်အပ်သူ ဘက်မှ တာဝန်သာ ဖြစ်ပါသည် ။

ဝက်ဘ်ဆိုက် သက်တမ်း

ဝက်ဘ်ဆိုက် ၏ သက်တမ်းမှာ စရံငွေ ပေးချေသည့် နေ့ နှင့် ဒိုမိန်း အမည် ဝယ်ယူသည့် နေ့မှ စတင်မည် ဖြစ်ပြီး သက်တမ်းတစ်နှစ် ပြည့်ပါက ကုန်ဆုံးမည် ဖြစ်ပါသည်။

ဝက်ဘ်ဆိုက် သက်တမ်း မကုန်မီ တစ်လ ကြိုတင် ၍ အီးမေလ်း ဖြင့် အကြောင်းကြားပါမည် ။

ဝက်ဘ်ဆိုက် သက်တမ်း ကုန်ဆုံးပြီး မှ သက်တမ်း တိုးပါက သက်တမ်းလွန်ကြေး နှစ်သောင်း ထပ်မံ ပေးဆောင်ရမည် ဖြစ်ပါသည် ။

မူပိုင်ခွင့်နှင့် စာချုပ် ဖျက်သိမ်းခြင်း

ဝက်ဘ်ဆိုက် တွင် အသုံးပြုသော ဒေတာများ စာရွက်စာတမ်းများ ၊ ဓါတ်ပုံ များ၏ မူပိုင်ခွင့် များ နှင့် ပတ်သက်၍ ပြဿနာ ဖြစ်ပွားပါက အလုပ်အပ် သူ ဘက်မှ တာဝန်သာ ဖြစ်ပါသည် ။

Google မှာ ရှာဖွေထားသော ပုံများ ၊ အခြား ၀က်ဘ်ဆိုက်မှ ကူးယူပြီး တင်ထားသော ပုံများ အသုံးပြုမှု အတွက်လည်း အလုပ်အပ်သူ ဘက်မှ တာဝန်သာ ဖြစ်ပါသည် ။

တရားဥပဒေဖြင့် မလွတ်ကင်းသော အချက်အလက်များ ၊ မူပိုင်ခွင့် နှင့် ခွင့်ပြုချက်မဲ့ ကုန်ပစ္စည်းများ ကို ရောင်းချပါက MWP ဘက်မှ အချိန်မရွေး ၀က်ဘ်ဆိုက် ကို ပိတ်သိမ်းခွင့် နှင့် စာချုပ်ကို ဖျက်သိမ်းခွင့် ရှိပါသည်။

ဝက်ဘ်ဆိုက် ကို Update ပြုလုပ်ခြင်း

Package တိုင်းတွင် CMS (ကိုယ်တိုင်ပြင်ဆင်နိုင်သော စနစ်) မပါဝင်ပါ။ CMS မပါဝင်သော Portfolio နှင့် Business Package များအတွက် MWP မှ တစ်လလျှင် တစ်ကြိမ် အခမဲ့ ဒေတာ Update ပြုလုပ်ပေးမည် ဖြစ်ပါသည်။

CMS စနစ်ပါဝင်သော Organization Package အတွက် အချက်အလက်များ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းများကို ကိုယ်တိုင်ပြုလုပ်နိုင်ရန် CMS အသုံးပြုနည်း User Guide ကို PDF ဖြင့် ပေးပို့ပေးမည်ဖြစ်ပြီး Viber မှတဆင့် ရှင်းပြပေးမည် ဖြစ်ပါသည်။

ဝက်ဘ်ဆိုက် ဒေတာ Update ပြုလုပ်ခြင်း နှင့် ပတ်သက်၍ ဒေတာကို အီးမေလ် ဖြင့် ဖြစ်စေ ၊ လူကိုယ်တိုင် ဖြစ်စေ ပေးပို့ ခြင်းကို သာ လက်ခံမည် ဖြစ်ပြီး ဒေတာကို လာရောက် ယူမည် မဟုတ်ပါ ။ အီးမေလ်း ဖြင့် ပေးပို့လိုပါက admin@mmwebpro.com ကို ပေးပို့နိုင် ပြီး ၊ လူကိုယ်တိုင် လာရောက်ပေးပို့လိုပါ က MWP ရုံးခန်း သို့ လာရောက်ပေးပို့နိုင်ပါသည် ။

ဒေတာများကို ပေးပို့ရာတွင် စာသားများ အတွက် Microsoft Word File ဖြင့် ရိုက်ပြီး ပေးပို့ ရမည် ဖြစ်ပြီး ၊ ဓါတ်ပုံများ အတွက် JPG ဖိုင် ဖြင့် ပေးပို့ ရမည် ဖြစ်ပါသည် ။

ဒေတာ Update ပြုလုပ်သည့် ကြာမြင့်ချိန် မှာ ပေးပို့ သည့် ဒေတာ အနည်းအများ ပေါ်တွင် ၄င်း ၊ အင်တာနက် ကွန်နက် ရှင် ပေါ်တွင် ၄င်း မူတည်ပါသည် ။

ငွေပြန်အမ်းခြင်း ဆိုင်ရာ (Refund Policy)

ဝက်ဘ်ဆိုက် ဒီဇိုင်းကို သဘောတူညီ၍ စရန်ငွေ ပေးချေပြီးနောက်ပိုင်းတွင်သော်လည်းကောင်း၊ လုပ်ငန်းစတင်နေချိန်တွင်သော်လည်းကောင်း အလုပ်အပ်သူဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ပရောဂျက်ကို ရပ်ဆိုင်းလိုပါက ပေးသွင်းထားသော ငွေများကို ပြန်လည်အမ်းပေးမည် မဟုတ်ပါ။

နည်းပညာပိုင်းဆိုင်ရာ အခမဲ့ ပြုပြင်ပေးခြင်း (Technical Support)

ဝက်ဘ်ဆိုက် လွှဲပြောင်းပေးအပ်ပြီး (၃) လ အတွင်း နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းများ (Bugs / Errors) ပေါ်ပေါက်လာပါက MWP မှ အခမဲ့ ပြုပြင်ပေးမည် ဖြစ်ပါသည်။ သို့သော် အလုပ်အပ်သူမှ ကိုယ်တိုင် Source Code များကို ဝင်ရောက်ပြင်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အမှားများ မပါဝင်ပါ။

ထိန်းချုပ်၍မရနိုင်သော အခြေအနေများ (Force Majeure)

ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် ပြတ်တောက်ခြင်း ၊ ဆာဗာများ ပြတ်တောက်ခြင်း ၊ နိုင်ငံရေး အခြေအနေအရ အင်တာနက်လိုင်း ပြတ်တောက်ခြင်းစသည့် ထိန်းချုပ်၍မရနိုင်သော အကြောင်းအရာများကြောင့် ဝက်ဘ်ဆိုက် ရပ်တန့်သွားချိန်များတွင် အလုပ်အပ်သူ၏ စီးပွားရေး ထိခိုက်နစ်နာမှုများအတွက် MWP မှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် အခြေအနေ ပုံမှန်ပြန်ဖြစ်ချိန်တွင် အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန် ကူညီဆောင်ရွက်ပေးပါမည်။

၀က်ဘ်ဆိုက် လွှဲပြောင်းခြင်း

အကယ်၍ အလုပ်အပ်သူ မှ အခြား Web Company တစ်ခု သို့ ပြောင်းလဲ ရေးဆွဲ လိုပါက MWP မှ ပြန်လည် ပေးမည့် ၀န်ဆောင်မှု များမှာ -

  • ဒိုမိန်း အမည် ကို ပြန်လည် လွှဲပြောင်းပေးပါမည်
  • Web Site Design ကို နောက်ကုမ္ပဏီ မှ ပြန်လည် မှီငြမ်းခွင့် ရှိပါသည်။
  • လက်ရှိ ဆိုက်တွင် ဖြည့်သွင်းထားသော ကုန်ပစ္စည်း စာသား များ ၊ ဓာတ်ပုံ များကို HTML Format ဖြင့် CD / Zip file / Softcopy တခုခု ဖြင့် ပြန်လည် ပေးပါမည် ။
  • Web Site CMS ၏ Database File များ ၊ PHP Source Code များ ကို မူ ပြန်လည် ပေးမည် မဟုတ်ပါ ။