ပင်မစာမျက်နှာ » ဝန်ဆောင်မှု

Domain Name

Domain Name ဆိုသည် မှာ အင်တာနက်ပေါ်တွင် ရှိသော Website လွှင့်တင်ထားသည့် လုပ်ငန်းများ ၏ လိပ်စာ သဘောမျိုးဖြစ်သည်။ Domain Name များကို ရိုးရိုးရှင်းရှင်း နှင့် အများနားလည်လွယ်မည့် အမည်များ အားပေးလေ့ရှိသည်။ ဝက်ဘ်ဆိုက် Package အားလုံး အတွက် ဒိုမိန်းအမည် တစ်ခု အတွက် နှစ်စဉ်ကြေး ဒေါ်လာ ၂၀ ကျသင့်မှာ ဖြစ်ပါတယ်။
ဥပမာ  : www.yourbusiness.com

Email Account

ကျွန်တော်တို့ ၏ Web Package များထဲမှ တစ်ခုကို ဝယ်ယူရုံဖြင့် မိမိတို့ လုပ်ငန်း ၏ ဒိုမိန်းအမည်ဖြင့် အသုံးပြုနိုင်သော Email account များကို ရရှိမှာ ဖြစ်ပါတယ်။ Web package အမျိုးအစား အားလုံး အတွက် အီးမေလ်း အကောင့် အရေအတွက် မှာ ငါးခု ဖြစ်ပါတယ်။  သိုလှောင်ပမာဏ မှာ အကောင့် တစ်ခု လျှင် 15GB ဖြစ်ပါတယ်။ အဆိုပါ ဒိုမိန်း အမည်ဖြင့် အီးမေလ်းများကို Gmail သို့ တဆင့်ပြန်လည်ပေးပို့သည့် Forward Email စနစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။
ဥပမာ : [email protected]

CMS system

Web package အမျိုးအစားအားလုံး အတွက် CMS စနစ်ပါဝင်ပြီး ဖြစ်ပါတယ်။ လူကြီးမင်းတို့ဘက်မှ Web Site  အချက်အလက်များ ၊ ဈေးနှုန်းများ ၊ ရုပ်ပုံများ ကို ကိုယ်တိုင်ပြင်ဆင် နိုင်သည့် စနစ် ဖြစ်ပါတယ်။ အဆိုပါ ကိုယ်တိုင်ပြင် စနစ် အတွက် user guide ကို pdf format ဖြင့် ပေးပို့မှာ ဖြစ်ပါတယ် ။ သို့သော် အချိန် မအားလပ်၍ ကိုယ်တိုင် ပြင်ဆင်ခြင်း မပြုလုပ်နိုင်ပါက MWP မှ အခမဲ့ ဒေတာ Update ပြုလုပ်ပေးမည် ဖြစ်ပါသည် ။

Web Hosting

Web Hosting ဆိုသည်မှာ လူကြီးမင်းတို့ ၏ Website များကို ထားရှိသည့် နေရာ ကို ခေါ်ဆိုခြင်း ဖြစ်သည်။ လူကြီးမင်း တို့ ၏ Website များ ကို အင်တာနက်မှ ကြည့်ရှုရာ တွင် မြန်ဆန်စေရန် အတွက် ကမ္ဘာအဆင့်မီ Digital Ocean Cloud Hosting တွင် လူကြီးမင်း တို့၏ Website များကို ထားရှိပေးထားပါတယ် ။

https://www.digitalocean.com/

Hosting အတွက် လိုအပ်သော Security update, Virus Scan အစရှိသည်များကို အပတ်စဉ် update ပြုလုပ်ပေးပြီး Database Backup များကို နေ့စဉ် ပြုလုပ်ပေးပါတယ် ။

 

မှတ်ချက် ။        ။ လူကြီးမင်းတို့ ၏ ကိုယ်ပိုင် Hosting အသုံးပြုမည် ဆိုပါက အဆိုပါ Security update, Virus Scan , Database backup များကို ပြုလုပ်ပေးလို့ ရမည် မဟုတ်ပါ။

 

Web site လူဝင်နှုန်း နှင့် Web site Space အတွက် Package အလိုက် ကန့်သတ်ချက်များ ရှိပြီး ၊ web site တွင် ထားရှိမည့် file တစ်ခု စီ၏ ပမာဏမှာ 10MB ထက် မကျော်လွန်ရပါ ။ ဝက်ဘ်ဆိုက် အတွက် သာ သီးသန့်ဆာဗာ ဖြစ်ပြီး file size အကြီးစားများ (ဥပမာ Video fileများ ၊ 10MB ထက်ကျော်လွန်သော pdf ဖိုင်များ) ကို လက်ခံသော file server မဟုတ်သောကြောင့် ဖြစ်ပါတယ်။

SEO Services

Search Engine Optimazation ( SEO Services ) ဆိုသည်မှာ သင် ၏ web site အပါအဝင် web pages link များကို Google , Yahoo , Bing စသည် များ တွင် ရှာဖွေ တွေ့ ရှိ နိုင် စေသော services ဖြစ်ပါတယ် ။  ကျွန်တော် တို့ ၏ မည်သည့် Package ကို ဝယ်ယူ သည် ဖြစ်စေ SEO Services ကို အခမဲ့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Google Analytics

Google analytics ဆိုသည်မှာ သင်၏ ဝက်ဘ်ဆိုက် ၏ နေ့စဉ် ၊ လစဉ် ဝင်ရောက်ကြည့်ရှုသည့် အရေအတွက် ကို ခြေရာခံ သည့် စနစ် ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် လူဝင်နှုန်းသာ မကပဲ ကြည့်ရှုသူ၏ အချက်အလက်များ ဖြစ်သည့် (အသုံးပြုသည့် Device ၊ နိုင်ငံ ၊ ကြာမြင့်ချိန် ) စသည်တို့ကိုပါ အသေးစိတ် ကြည့်လို့ ရမှာ ဖြစ်ပါတယ်။ လစဉ် Google Analytics Report ကို သင့်ထံသို့ ပေးပို့မှာ ဖြစ်ပါတယ်။

Contact Form / Reservation Form / Enroll Form

ပြည်တွင်းမှ ဖြစ်စေ ၊ ပြည်ပမှ ဖြစ်စေ အမှာစာများ ကို လက်ခံ ရရှိနိုင်သော Reservation  Form ၊ Enquiry Form ၊ Enroll Form များကို အခမဲ့ ရရှိနိုင်မည် ဖြစ်ပါသည် ။ ထို့အပြင် Location map (Google Map) များ ၊ Social Network Sharing ပြုလုပ်ခြင်းများလည်း ပါဝင်မှာ ဖြစ်ပါတယ် ။ Chat room အနေဖြင့် မိမိတို့ လုပ်ငန်း ၏ facebook page ဖြင့် ချိတ်ဆက်ထားမည့် messenger chat ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Facebook Page

သင့်လုပ်ငန်း ၏ Facebook page နှင့် ၀က်ဘ်ဆိုက်ကို ချိတ်ဆက်ပေးခြင်း ၊ အကယ်၍ Facebook Page မရှိပါက အခမဲ့ ပြုလုပ်ပေးမှာဖြစ်ပါတယ်။